October 2017

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ သတ္တမအကြိမ် မဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၃  ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်ဇနီး ဒေါ်ခိုင်မေကြူတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ သတ္တမအကြိမ် မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၉:၃၀)နာရီ တွင် နေပြည်တော်ရှိ ရုံးအမှတ်(၄၂) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

standard

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးအား (JICA) ဂျပန်နိုင်ငံ၊ တိုကျိုရုံးချုပ်မှ Deputy Director ဖြစ်သူ Mr. Kota SAKAGUCH

နေပြည်တော် ၂၀၁၇ ခုနှစ် အောက်တိုဘာလ၁၉ရက်
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်စိုးသည်ဂျပန်နိုင်ငံ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ောင်ရွက်ရေး အေဂျင်စီ (JICA) တိုကျိုရုံးချုပ်မှမှ Deputy Director ဖြစ်သူ Mr. Kota SAKAGUCHI အား (၁၉-၁၀-၂၀၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်း၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

standard

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂ နိုင်ငံရေးရာဌာနအကြီးအကဲ လာရောက်တွေ့ဆုံ

နေပြည်တော် အောက်တိုဘာ  ၁၆
      နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ကုလသမဂ္ဂနိုင်ငံရေးရာဌာန အကြီးအကဲ Under Secretary-General ဖြစ်သူ Mr.Jeffrey Feltman သည် ယနေ့နံနက်(၁၁)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လာရောက် တွေ့ဆုံခဲ့သည်။

standard