January 2023

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီလ ၂၆ ရက်
 နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း အသုံးစရိတ်  ခွင့်ပြုရန်ပုံငွေ ကျပ်(၈၆၄.၄၀၃) သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများက တာဝန်ယူ တည်ဆောက်လျက်ရှိသည်။ 

standard

နားအော်ကြီး-မန်စပ်-ပန်ယောင်-မန်အီလမ်းတွင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

   ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် နားအော်ကြီး-မန်စပ်-ပန်ယောင်-မန်အီလမ်းတွင် ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှတာဝန် ရှိသူများက ဇန်နဝါရီ ၂၄ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။

standard

ပင်လုံ-ဖက်နမ်-ကျောက်တန်းလမ်းမကြီးမှ ကျေးရွာချင်းဆက်လမ်း ရာနှုန်းပြည့်ပြီးစီး

လွိုင်လင်၊ ဇန်နဝါရီလ ၂၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်‌ဆောင်ရွက်‌ပေး လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်အတွင်းတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၈၁၈ ဒသမ ၆၅၈ သန်းဖြင့် လုပ်ငန်းပေါင်း ၂၂ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

standard

ကွမ်းလုံမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ကွမ်းလုံ၊ ဇန်နဝါရီလ ၂၂ ရက်
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဗလငါးတန်နှင့် ပြည့်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ် စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကွမ်းလုံမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ကြောင်းသိရသည်။

standard

သထုံမြို့နယ်၊ မရမ်းကုန်း-ထိန်ပင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်

သထုံ၊ ဇန်နဝါရီလ ၂၂ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းတံတားလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်း-ထိန်ပင်လမ်း အရှည် ၅ မိုင် အနက် ကျန်ရှိသော ၁ မိုင် ၄ ဖာလုံ အပြီးသတ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ်၃၃၅ ဒသမ ၉၉၉ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည်။

standard