ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း

တနင်္သာရီ၊ အောက်တိုဘာလ ၁၁ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် အောက်တိုဘာ ၁၁ ရက်က တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ ဆွမ်းဆန်တော်များ အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်၊ ဆီ၊ ကုလားပဲများနှင့် ဆားများကို ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
    ထိုသို့လှူဒါန်းပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူး၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဦးစီးအရာရှိ ဦးမင်းနိုင်ဦးနှင့် ဝန်ထမ်းများက တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက် မဟာသန္တိသုခဝင်္ကဘာကျောင်းတိုက်သို့ ဆန် ၆ အိတ်၊ ဆီ ၁၂ ပိဿာခွဲ၊ ဆား ၉ ပိဿာ၊ ကုလားပဲ ၅ ပိဿာနှင့် ကြက်ဥ အလုံး ၅၀ တို့ကို ကျောင်းထိုင်ဆရာတော်ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
 

Post Paragraph