ဘူးသီးတောင်မြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ်သတိပြုရှောင်ရှားနိုင်ရန် အသိပညာပေး

ဘူးသီးတောင် မေ ၁၀
    ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီး ဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်း၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ခြင်းကို ယနေ့နံနက် ၈ နာရီက ဘူးသီးတောင်မြို့အနောက်ကွင်းစျေးနှင့် လူစည်ကားရာလမ်းဆုံ များ၊ ကကျက်ဘက် (ကံပြင်) ကျေးရွာစျေး၊ လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့သည်။
    အဆိုပါ အသိပညာပေးဟောပြောရာတွင် လက်ကမ်းစာစောင်တွင်ပါဝင်သည့် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ဘင်္ဂလားပင်လယ်အော်အခြေအနေ၊ မုန်တိုင်း ဘေးအန္တရာယ်ကာကွယ်ဆောင်ရွက်ရမည့်အချက်များ စသည့်အကြောင်းအရာများကို အသိပညာ ပေးပြောကြားပြီး မုန်တိုင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
 

Post Paragraph