ဗိုလ်မှူးချုပ်ခင်ဇော် မင်းပြားမြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုအားကြည့်ရှု

မင်းပြား မေ ၂၅
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၌ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့်  ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသောဗိုလ်မှူးချုပ်ခင်ဇော်သည် မေ ၂၄ ရက်နေ့က မင်းပြား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ အဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ တွေ့ဆုံသည်။ 
ဗိုလ်မှူးချုပ်ခင်ဇော်သည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့်၊ ဆောင်ရွက်ရန်ကျန်ရှိနေမှုများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများအား ဆွေးနွေးရာ လုပ်ငန်းကော်မတီဥက္ကဌများကတင်ပြကြသည်။ 
ထို့နောက် ဗိုလ်မှူးချုပ်ခင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမျိုးစိုးမိုးနှင့် အဖွဲ့ဝင်များက မင်းပြားမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းဝင်းအတွင်း မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပြိုလဲနေသည့် သစ်ပင်ကြီးများ၊ သစ်ကိုင်းများကို မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဝန်ထမ်းများက ခုတ်ထွင်ရှင်းလင်းနေမှုများအား ကြည့်ရှုပြီး အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်ကာ ကျောင်းအုပ်ဆရာမကြီးအား ကျောင်းဖွင့်ချိန်တွင် ကျောင်းသားများ အမိုးအကာ လုံခြုံစွာပညာသင်ကြားနိုင်င်ရေးအတွက် ပျက်စီးမှုကို အချိန်မီ ပြုပြင်နိုင်ရန် မှာကြားခဲ့ကြောင်းသိရသည်။
 

Post Paragraph
video-upload