ဗန်းမော်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

ဗန်းမော် မတ် ၂၃
    ကချင်ပြည်နယ် ဗန်းမော်မြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာ‌ရေးနှင့်လေ့ကျင့်ရေးဦးစီး ဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဗန်းမော်)၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၅) သင်တန်းဆင်းပွဲအခမ်းအနားကို မတ် ၂၂ ရက်က ကျင်းပသည်။
    ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က အမှာစကားပြောကြားပြီး ဒုတိယကျောင်းအုပ်ဆရာမကြီးဒေါ်သင်းသင်းမြတ်က သင်တန်းကာလအတွင်း သင်ကြားပို့ချပြီးစီး မှုများကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။
    ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်က အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယကျောင်းအုပ် ဆရာမကြီးက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။
    ထို့နောက် ခင်းကျင်းပြသထားသည့်အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၅)သို့ တက်ရောက် ခဲ့ကြသည့် သင်တန်းသူများ၏ ဖန်တီးချုပ်လုပ်ထားသည့် လက်ရာများကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှု့ အားပေးခဲ့ကြောင်း သိရသည်။

Post Paragraph