ဆီဆိုင်မြို့နယ်၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၂/၂၀၂၂)သင်တန်းဆင်းပွဲကျင်းပ

ဆီဆိုင် မတ် ၂၆
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လွိုင်ကော်ကျောင်းခွဲ)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို  မတ် ၂၄ ရက်နေ့ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်   ပါလောပါကယ်ကျေးရွာအုပ်စု ဆိုက်ခေါင်စံပြကျေးရွာရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပသည်။ 
    အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်းက သင်တန်းမှ သင်ကြားပေးလိုက်သော နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာဆန်းစစ် လုပ်ကိုင်ဆောင်ရွက်ကြရန်၊ တီထွင်ကြံဆမှုများနှင့် ကိုယ်စွမ်းကိုယ်စများကို ထုတ်ဖော်ပြီး အောင်မြင်မှုရရှိအောင် ကြိုးစားဆောင်ရွက်ကြရန် ပြောကြားပြီး ထူးချွန်ဆုရရှိသူအား ဆုများပေးအပ်ချီးမြှင့်သည်။
    ထို့နောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်ခင်စန်းဝင်းက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံ ရယူသည်။
    ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများက ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများ၊ ခေတ်မီဒီဇိုင်းလက်ရာများကို ကြည့်ရှုခဲ့ကြသည်။
    အဆိုပါသင်တန်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်မှ ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်အထိ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသူ ၃၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

Post Paragraph