ဆီဆိုင်မြို့နယ်၌ ယာယီတိုက်ပွဲရှောင်ပြည်သူ ၁၈၀၀ ကျော်အား ထောက်ပံ့

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်း ရောက်ရှိနေသော ယာယီတိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ဇန်နဝါရီ ၁၆ ရက်က မြကန်သာရပ်ကွက် မြို့နယ်ခန်းမ၌ ထောက်ပံ့ ပေးအပ်သည်။
    ထောက်ပံ့ပစ္စည်းများကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆီဆိုင်မြို့နယ်အတွင်း ရောက်ရှိနေသော ယာယီတိုက်ပွဲရှောင် ပြည်သူများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်ခြောက်ပြည်၊ ဆီ ၂၅ ကျပ်သား၊ ဆားတစ်ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သား၊ ခေါက်ဆွဲ ငါးထုပ်နှင့် ကြက်ဥ ၁၀ လုံးတို့ကို ထောက်ပံ့ပေးအပ်သည်။
    ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆန်းဦး နှင့် အဖွဲ့ဝင်များက ယာယီတိုက်ပွဲရှောင် အိမ်ထောင်စု ၁၈၃၄ စု အတွက် ဆန် ၂၄ ပြည်ပါ ၄၅၈ ဒသမ ၅ အိတ်၊ ဆီ ၁၈၃၄ ဘူး၊ ဆား ၁၈၃၄ ပိဿာ၊ ကုလားပဲ ၄၅၈ ဒသမ ၅ ပိဿာ၊ ခေါက်ဆွဲထုပ် ၉၁၇၀ နှင့် ကြက်ဥအလုံးရေ ၁၈၃၄၀ တို့ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ယာယီ တိုက်ပွဲရှောင်ပြည်သူများထံ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph