ဘားအံ၊ မတ်လ ၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် သီတင်းသုံးနေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမဏေများနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပေးလျက်ရှိရာ မတ် ၉ ရက် နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ထွဋ်နှင့် ဝန်ထမ်းများသည် ဘားအံမြို့ လှိုင်းဘုံကျေးရွာအုပ်စု သုခဝတီသီလရှင်စာသင်တိုက်ရှိ သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲတို့ကို သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
Post Paragraph
Paragraph Images