စက်မှုလက်မှုအဆင့်မြင့်သင်တန်းဖွင့်ပွဲနှင့် ဟိုတယ်ဝန်ဆောင်မှုသင်တန်းဆင်းပွဲ ကျင်းပ

ကလော၊ လူမှုရေး
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင် ကလောမြို့နယ် အောင်ပန်းမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ မေ ၂၂ ရက်တွင် စက်မှုလက်မှု အဆင့်မြင့်သင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲနှင့် ဟိုတယ်ဝန်ဆောင်မှုသင်တန်း အမှတ်စဉ် (၁) ဆင်းပွဲ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြားပြီး အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း တာဝန်ခံ ကျောင်းအုပ် ဦးခွန်စိုးစံက သင်တန်းနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၁)မှ ထူးချွန်သင်တန်းသား နှစ်ဦးအား ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းသား များကို သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖများနှင့် သင်တန်းသား ၇၅ ဦး တို့  တက်ရောက်ကြကြောင်း သိရသည်။ 
                                    
မြို့နယ်(ပြန်/ဆက်)
 

Post Paragraph