ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဩဂုတ် ၃၁ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပြည်တောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)နှင့် ဗဟိုလေ့ကျင့်ရေးကျောင်း (ရန်ကုန်)တို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ အလို‌တော်ပြည့် ဓမ္မာစရိယတက္ကသိုလ်၌ ကျင်းပသည်။
    အဆိုပါအခမ်းအနားသို့ ကျောင်းအုပ်ကြီးများ၊ ဒုတိယကျောင်းအုပ်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး သတ်မှတ်နေရာအသီးသီးတွင် ပျိုးပင်များကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
    တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ယိုးဒယားပိန္နဲပင် ၄၂ ပင်၊ ကံ့ကော်ပင် ၁၃ ပင် စင်ကာပူ ချယ်ရီ ၄၅ ပင်၊ ခရေပင် ၅၀  စုစုပေါင်း ပျိုးပင် ၁၅၀ တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

Post Paragraph