
ပင်းတယ မေ ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယမန်နေ့က ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဓနုဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သက်နှင့် ဝန်ထမ်းများက ပင်းတယမြို့ အောင်ခြင်းကျောင်းရှိ ရဟန်းသံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ကြက်ဥစသည်တို့ကို ကျောင်းထိုင်ဆရာတော်ထံသို့ ထောက်ပံ့လှူဒါန်းပြီး ညနေပိုင်းတွင် ရွာငံမြို့ရှိ ဗြဟ္မဂူ ပရဟိတကျောင်းတိုက်သို့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ကြက်ဥများ ဆက်လက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Post Paragraph
Paragraph Images

