
စစ်ကိုင်း မေ ၄
နယ်စပ်ရေးဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ကိုင်းရှိ ဝန်ထမ်းမိသားစုဝင် ကျောင်းသားကျောင်းသူများ အနေဖြင့် နွေရာသီကျောင်းပိတ်ရက် ကာလများတွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ဘာသာ သာသနာကို တန်ဖိုးထားတတ်စေရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ပညာထူးချွန်သူများ ဖြစ်လာစေရန် လက်တွေ့အသုံးချ ဘာသာရပ်များနှင့်အတူ ဗဟုသုတရစေပြီး မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် ကျင့်စဉ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန်နှင့် ယဉ်ကျေးလိမ္မာစေရန် ရည်ရွယ်၍ ကျောင်းသား ကျောင်းသူများကို နံနက်ပိုင်းတွင် ယဉ်ကျေးလိမ္မာသင်တန်း၊ နေ့လယ်ပိုင်းတွင် အင်္ဂလိပ်စာအခြေခံ သင်တန်းနှင့် ကွန်ပျူတာ အခြေခံသင်တန်းများကို ၄.၅.၂၀၂၃ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြား ပေးလျှက်ရှိသည်။
ယဉ်ကျေးလိမ္မာသင်တန်းကို ဤဒီဂရီကောလိပ်ရှိ တိုင်းရင်းရေးရာဌာနမှ ဆရာ/ ဆရာမများက သီလဆောက်တည်ပုံနှင့် ဩကာသကန်တော့ကျိုးရှင်းတမ်း၊ ဗုဒ္ဓဝင်အကျဉ်း၊ သိင်္ဂါလောဝါဒသုတ်လာ ကျင့်ဝတ်များနှင့် ၃၈ဖြာ မင်္ဂလာတရားတော်တို့ကိုလည်းကောင်း၊ အင်္ဂလိပ်စာဌာနမှ ဆရာ/ ဆရာမများက အင်္ဂလိပ်စာအခြေခံ သင်တန်းကိုလည်းကောင်း၊ ကွန်ပျူတာသိပ္ပံဌာနမှ ဆရာ/ ဆရာမများက ကွန်ပျူတာ အခြေခံသင်တန်းများ ကိုလည်းကောင်း ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပြီး ၃၀.၅.၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။