ဟန်းနား-ဟိမ်းလွမ့် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး

   ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်၊ ဟန်းနား-ဟိမ်းလွမ့် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်း ဆောင်ရွက်နေမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၆ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။ 
   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်၊ ရှမ်းပြည်နယ်ဖွံ့ဖြိုး မှုကြီးကြပ်ရေးရုံးခွဲ (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၁၃၀ ဒသမ ၇၉၃ သန်းဖြင့် ဆောင်ရွက်သည့် လားရှိုးမြို့နယ်၊ ဟန်နား-ဟိမ်းလွမ့် ကျောက်လမ်းအရှည် ၁ မိုင် ၂ ဖာလုံအား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို စစ်ဆေးကြပြီး လုပ်ငန်းများကို သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
   အဆိုပါ ဟန်းနား-ဟိမ်းလွမ့်လမ်းတွင် ကတ္တရာခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာ ရာသီမရွေးသွားလာအသုံးပြုနိုင်မည် ဖြစ်ပြီး ဒေသခံတိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
 

Post Paragraph