ကျောက်ဖြူမြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၁၂၃ ဒသမ ၂၇ သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ‌ဆောင်ရွက်

ကျောက်ဖြူ၊ ဖေဖော်ဝါရီလ ၁ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သည် ကျောက်ဖြူမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် ၁၂၃ ဒသမ ၂၇ သန်းဖြင့် ရေချမ်းကြီး-ချောင်းနက်-ကျောက်တောင်ပြိန်-အဝပြင် ကျေးရွာချင်းဆက်လမ်း ပြုပြင်ခြင်းနှင့် ယင်းလမ်းပေါ်ရှိ ရေထုတ်ပြွန်တံတား သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိသည်။
    ရေချမ်းကြီး-ချောင်းနက်-ကျောက်တောင်ပြိန်-အဝပြင်ကျေးရွာချင်းဆက်လမ်းတွင် ၅ မိုင် ၄ ဖာလုံ အနက် ၁ မိုင် အပြီးသတ် ကျောက်လမ်းပြုပြင်ခြင်းနှင့် ယင်းလမ်းပေါ်ရှိ ရေထုတ်ပြွန်တံတား သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ၉၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။

Post Paragraph