ကျေးရွာချင်းဆက်မြေသားလမ်းနှင့် Box Culvert များ တည်ဆောက်ခြင်းလုပ်ငန်း စစ်ဆေး

ခန္တီး နိုဝင်ဘာ ၉
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၃၈ ဒသမ ၀၁၃ သန်းဖြင့် ခန္တီးခရိုင်၊ ခန္တီးမြို့နယ်အတွင်း ဆောင်ရွက်လျက် ရှိသော နာတိုက်-မကန်နောင် ကျေးရွာချင်းဆက် မြေသားလမ်း ၄ မိုင် ဖောက်လုပ်ခြင်းနှင့် အဆိုပါလမ်းပေါ်၌ ၅ x ၅ x ၂၆ ပေ Box Culvert ၁၀ စင်း ဆောင်ရွက်နေမှုအား ယနေ့ နံနက်ပိုင်းတွင် ခန္တီးခရိုင်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ ခန္တီးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးခင်ဇော်နှင့် တာဝန်ရှိသူများ မြေပြင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေး ဆောင်ရွက်ရန် မှာကြားသည်။
    အဆိုပါ ကျေးရွာချင်းဆက်လမ်းနှင့် Box Culvert များ ပြီးစီးပါက ခန္တီးမြို့နယ် ချင်းတွင်းမြစ် မြောက်ဘက်ကမ်းရှိ နာတိုက်ကျေးရွာနှင့် မကန်နောင်ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၁၀၇ အိမ်၊ လူဦးရေ ၅၂၆ ဦးတို့၏ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် လူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် များစွာ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph