ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့ ဆက်သွယ်မည့် ကလွီရွာရှောင်လမ်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား သွားရောက်ကြည့်ရှု

နေပြည်တော် မေ ၁၃
    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့ ဆက်သွယ်မည့် ကလွီရွာရှောင်လမ်း ၈၂၈၂ ပေ ရှည်သော မြေသားလမ်းနှင့် ကျောက်ရောမြေ/ဂဝံခင်းခြင်းလုပ်ငန်း ဖောက်လုပ်နေမှု အခြေအနေများအား မေ ၁၂ ရက် ညနေပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးသည်။
    ဦးစွာ မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူးက လမ်းဖောက်လုပ်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လမ်းဖောက်လုပ်ရေးလုပ်ငန်းအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
    အဆိုပါလမ်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဖောက်လုပ်သွားမည်ဖြစ်ပြီး လမ်းဖောက်လုပ်ပြီးစီးပါက ဒရယ်၊ ကလွီ၊ မုနိုင်း၊ တောင်စွန်းကျေးရွာများမှ ဒေသခံပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစွာဖြင့် အချိန်တိုင်အတွင်း သွားလာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 

Post Paragraph