
ဘားအံ မေ ၉
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်အရာရှိများနှင့် အတူ မေလ ၈ ရက်နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသနှင့် ဖာပွန်ခရိုင်၊ ကမမောင်းမြို့သို့ ရောက်ရှိနေသော ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ရိက္ခာပစ္စည်းများနှင့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် ကျောင်းသုံး ဗလာ စာအုပ်များ သွားရောက်ထောက်ပံ့ပေးအပ်သည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ မြိုင်ကြီးငူအထူးဒေသသို့ရောက်ရှိနေသော ယာယီတိုက်ပွဲ ရှောင်ပြည်သူများအား စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်သည့်အခမ်းအနားကို မြိုင်ကြီးငူ အေးလင်းသာယာ ကျောက်စာကွင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ယာယီတိုက်ပွဲရှောင် ပြည်သူများအား အားပေးစကားများပြောကြားပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ နယ်မြေခံတပ်မတော်အရာရှိများနှင့်အတူ အိမ်ထောင်စု ၄၃၂ စု၊ လူဦးရေ ၂၀၈၉ ဦးအတွက် ငွေကျပ် ၃၁၃၈၈၈၂၅၀ တန်ဖိုးရှိ ဆန် ၅၂၂ အိတ်နှင့် ခြောက်ပြည်၊ ဆီ ၂၁၆ ပိဿာ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှထောက်ပံ့သော ငွေကျပ် ၁၉၂၁၈၈၀ တန်ဖိုးရှိ အာလူး၊ ကုလားပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခေါက်ဆွဲခြောက်နှင့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်း သုံးဗလာစာအုပ်များ ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန လှိုင်းဘွဲမြို့နယ်၊ ဦးစီးမှူး ရုံးမှ ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် ယာယီတိုက်ပွဲ ရှောင်ပြည်သူများအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကဒ်ပြားများပေးအပ်သည့် အခမ်း အနားကို ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်ပုံများ ကို ရှင်းလင်းပြောကြာပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်အရာရှိများနှင့်အတူ One Stop Service စနစ်ဖြင့် အခမဲ့ ကွင်းဆင်းဆောင်ရွက်ပြီးစီးသော နိုင်ငံသာစိစစ်ရေးကတ်ပြား ၁၅၁ ကတ်အား ပြည်သူ့လက်ဝယ် အရောက်ပေးအပ်သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ရိက္ခာပစ္စည်းများနှင့် ကျောင်းဝတ်စုံ၊ စာရေးကိရိယာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဆွေမြတ်မျိုးကြွယ် ပရိယတ္တိစာသင်တိုက် ဓမ္မာရုံ၌ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်က ယာယီတိုက်ပွဲရှောင် ပြည်သူများအား အားပေးစကားများ ပြောကြားပြီး ယာယီ တိုက်ပွဲရှောင် အိမ်ထောင်စု ၇၇၈ စု၊ လူဦးရေ ၃၃၃၃ ဦးအတွက် ငွေကျပ် ၅၀၄၁၂၇၅၀ တန်ဖိုးရှိ ဆန် ၈၃၃ အိတ် ခြောက်ပြည်၊ ဆီ ၃၈၉ ပိဿာ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထောက်ပံ့သော ငွေကျပ် ၃၀၆၆၃၆၀ တန်ဖိုးရှိ အာလူး၊ ကုလားပဲ၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်နှင့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံး ဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

