ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) ၏ နိုင်ငံဆိုင်ရာအစီအစဉ် (၂၀၁၃-၂၀၁၇) အောက်ရှိ မဏ္ဍိုင်-၁၊ ရလဒ်-၅ ဖြစ်သည့် လူမှုအသိုက်အဝန်းအတွင်း သဟဇာတဖြစ်စေရန် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား ပံ့ပိုးကူညီခြင်းလုပ်ငန်း စီမံချက်ဆိုင်ရာ Output Board အစည်းအဝေးကျင

နေပြည်တော် စက်တင်ဘာလ ၂၀ ရက်
    ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP) ၏ နိုင်ငံဆိုင်ရာအစီအစဉ် (၂၀၁၃-၂၀၁၇) အောက်ရှိ မဏ္ဍိုင်-၁၊ ရလဒ်-၅ ဖြစ်သည့် လူမှုအသိုက်အဝန်းအတွင်း သဟဇာတဖြစ်စေရန် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား ပံ့ပိုးကူညီခြင်းလုပ်ငန်း စီမံချက်ဆိုင်ရာ Output Board အစည်းအဝေးအား (၂၀-၉-၂၀၁၆) ရက်နေ့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါ အစည်းအဝေးအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ ကျင်းပခဲ့ပြီး ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
    ထိုသို့ တွေ့ဆုံရာတွင် UNDP စီမံကိန်းမှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၆ ခုနှစ် ဇွန်လအထိ စီမံကိန်းလုပ်ငန်းတိုးတက်မှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဆောင်ရွက်သွားမည့် နိုင်ငံဆိုင်ရာ အစီအစဉ်သစ်နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

 

Post Paragraph