ကုန်းကြမ်းမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

    ကုန်းကြမ်းမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းထံမှ သိရသည်။
    ကုန်းကြမ်းမြို့နယ်အတွင်းရှိ ချောင်ပါကျိုင်း(ထိုက်ဆူ)ကျေးရွာတွင် နယ်စပ်ဒေသနေ တိုင်းရင်းသားရင်သွေးငယ်များ ပညာသင်ကြားရာတွင် အဆင်ပြေစေရေးအတွက် အာရ်စီတစ်ထပ်စာသင်ကျောင်းဆောင်နှင့် ဆရာ၊ ဆရာမ နေအိမ်တစ်လုံး ဆောက်လုပ်ခြင်းလုပ်ငန်းများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၇၂ ဒသမ ၈၆၃ သန်းဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ပထမပတ်က စတင်‌ဆောက်လုပ်လျက်ရှိရာ ယနေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးကြောင်း သိရသည်။
    အဆိုပါ တစ်ထပ်စာသင်ကျောင်း‌ဆောင်နှင့် ဆရာ၊ ဆရာမ နေအိမ် ဆောက်လုပ်ပြီးစီးသွားသဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ ပညာရည်မြင့်မားလာစေရေးအတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုစေမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသများတွင် ပညာတတ်များ ပေါများလာသည်နှင့်အမျှ လူနေမှုအဆင့်အတန်းများ မြင့်မားလာစေပြီး ဒေသဖွံ့ဖြိုး‌‌ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph