ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဝန်ထမ်းအိမ်ရာအသစ် ပြန်လည်တည်ဆောက်လျက်ရှိ

ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း ၂၀၂၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြရေးရုံး၊ ဝန်ထမ်းအိမ်ရာဝင်းအတွင်း RC တစ်ထပ် ခြောက်ခန်းတွဲ ဝန်ထမ်းအိမ်ရာအသစ် ပြန်လည် တည်ဆောက်ခြင်းလုပ်ငန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၃၇၆ ဒသမ ၂၉၉ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
အဆိုပါအိမ်ရာဆောက်လုပ်ပေးခြင်းဖြင့် ကယားပြည်နယ်အတွင်း တာဝန် ထမ်းဆောင်လျက်ရှိသည့် ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်မည့်အပြင် ဝန်ထမ်းများအနေဖြင့်လည်း ဘဝအရည်အသွေးမြင့်မားစေခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက် လာစေခြင်းနှင့် နယ်စပ်ဒေသ၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် များစွာပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph