ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သို့ တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ

လွိုင်ကော်၊ နိုဝင်ဘာလ ၆ ရက် 
    ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သို့ တက်ရောက်မည့် ကယားပြည်နယ် ကိုယ်စားပြု သင်တန်းသား၊ သင်တန်းသူများ တွေ့ဆုံပွဲကို ၆-၁၁-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်းတွင် ကျင်းပခဲ့ပါသည်။
    ပထမဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်မှ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။ ထို့နောက် သင်တန်းတက်ရောက်မည့် ပြည်နယ်အတွင်းနှင့် ရှမ်း/ကယားနယ်စပ်ရှိ မြို့နယ် အသီးသီးမှ သင်တန်းသား၊ သင်တန်းသူများမှ တစ်ဦးချင်းစီ မိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၄၀)ဦးအတွက် ခရီးစရိတ်နှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ပါသည်။
    ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ သင်တန်းတက်ရောက်မည့် သင်တန်း သား၊ သင်တန်းသူများနှင့် မိဘများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ကယားပြည်နယ် အစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့် သင်တန်းသား၊ သင်တန်းသူများကို သက်ဆိုင်သည့် တက္ကသိုလ်နှင့် ဒီဂရီ ကောလိပ်များသို့ အဆင်ပြေစွာ သွားရောက်နိုင်ရေးအတွက် စီစဉ်ပို့ဆောင်ပေးမည် ဖြစ်ကြောင်း‌ ပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှိ စာကြည့်တိုက်၊ ကျောင်းသား၊ကျောင်းသူ အိပ်ဆောင်များ စားရိပ်သာဆောင်၊ မီးဖိုဆောင်များကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို မှာကြားကြောင်း သတင်းရရှိပါသည်။

Post Paragraph