လားရှိုးမြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၆) သင်တန်းဆင်းပွဲကျင်းပ

လားရှိုး၊ မတ်လ   ၂၂ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီဌာနက ကြီးမှူးဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုအသက်မွေးဝမ်းကျောင်းလုပ်ငန်း ပညာသင်တန်းကျောင်း၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးတင့်နှင့် တာဝန်ရှိ သူများ၊ မြို့မိမြို့ဖများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    ဦးစွာတိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုရရှိခဲ့သော သင်တန်းသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးပြီး သင်တန်း ကျောင်း၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။
    ယင်းနောက် သင်တန်းတက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူဦးရေ ၃၀ အတွက် တာဝန်ရှိ သူတစ်ဦးက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
    ထို့နောက်တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အဆိုပါသင်တန်းကျောင်း၌ ခင်းကျင်းပြသ ထားသည့် အဆင့်မြင့်အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်းထုတ်ကုန်ပစ္စည်းများနှင့် သင်ထောက်ကူ ပစ္စည်းများကို လိုက်လံကြည့်ရှုကြသည်။
    အဆိုပါ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာ၂၃ ရက်မှ ယနေ့ထိ သင်တန်းသူဦးရေ ၃၀ ဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။
 

Post Paragraph