လဟယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

လဟယ် နိုဝင်ဘာ ၁၄
    စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသောလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက နာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းနှင့် ရုံးအဖွဲ့များက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
    အဆိုပါလုပ်ငန်းများကို ပြည်‌ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လဟယ်-လောင်ကျန်း နောက်ကုန်-တိုက်ရံ-လကျန်း-လန်ထိန်းလမ်းခွဲကြားရှိ မြေသားလမ်းပြင်ထိန်း ၁၀/၀ မိုင် ၅x၅x၂၆ ပေ၊ ရေထွက်ပြွန်ငါးစင်း တည်ဆောက်ခြင်းနှင့် တိုင်းဒေသကြီးနယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် တစ်လွှာတစ်ထပ်ဘေလီတံတားပေ ၂၀ သုံးစင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ပြီးပါက လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း၊ အလားတူ လဟယ်မြို့နယ်အနောက်ခြမ်း ကျေးရွာအုပ်စုအားလုံးအတွက် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း သိရသည်။
 

Post Paragraph