
လွိုင်လင်၊ ဒေသဖွံ့ဖြိုးရေး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက အောက်တိုဘာလတွင် ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ စစ်ဆေးရာတွင် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လွိုင်လင်ခရိုင်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၆၈၂ ဒသမ ၉၃၂ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် မြေလမ်း (၁၀/၅)မိုင်၊ ကျောက်လမ်း(၃/၂)မိုင်၊ ကွန်ကရစ်လမ်း(၀/၆ ဒသမ ၅)မိုင်၊ ကွန်ကရစ်တံတား တစ်စင်း၊ Box Culvert ၁၇ စင်း၊ ပညာရေးလုပ်ငန်း တစ်ခု၊ ရေရရှိရေးလုပ်ငန်း နှစ်ခု၊ သာသနာရေးလုပ်ငန်း သုံးခု၊ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း တစ်ခု၊ ဦးစီးဌာနလုပ်ငန်း တစ်ခုတို့အား စစ်ဆေးကြပြီး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာ ရာနှုန်းပြည့်အချိန်မီ ပြီးစီးစေရေး တာဝန်ရှိသူများကို မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ လူဦးရေ ၁၆၀၀၇၇၀ ဦးတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ကြောင်း သိရသည်။

