
နေပြည်တော် မေ ၅
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် ၃ မိုင်မြို့၊ (၁)ရပ်ကွက် စိန်ပန်းပြာလမ်းရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှု လက်မှုပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက သင်တန်းဖွင့်ပွဲကျင်းပ သည်။
အဆိုပါ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၂)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၉)၊ ဂဟေသင်တန်းအမှတ် စဉ်(၁၉)၊ မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ်(၁၄)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ် (၁၆) သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားခြင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်းတွင် သင်တန်းသား ၃၅ ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
