လပွတ္တာ အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်(၃)မိုင်မြို့သစ်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၀) သင်တန်ဆင်းပွဲ အခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက သင်တန်းဆင်းမိန့်ခွန်းပြောကြားခြင်း သင်တန်းတွင် ထူးချွန်ဆုရရှိသူ အိမ်မဲမြို့နယ် ဝဲကြီးကုန်း အုပ်စုမှ နန့်သဇင်ဖြူအား ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်း အောင်လက်မှတ်အား ခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး အောင်ဘုန်းဟန်က ပေးအပ်ရာ သင်တန်းသူ ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူသည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များနှင့် သင်တန်းတစ်ပတ်စဉ် ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။