လပွတ္တာမြို့နယ်၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းဖွင့်

လပွတ္တာ  အောက်တိုဘာ  ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် (၃)မိုင်မြို့   နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းနှင့် စက်မှုလက်မှုပညာသင်တန်းကျောင်းတို့တွင် ယနေ့နံနက် ၉ နာရီက သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်တန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္က ဦးလွင်ကိုဦးက သင်တန်း အဖွင့်မိန့်ခွန်းပြောကြားပြီး အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၁)တွင် တက်ရောက် ကြမည့် သင်တန်းသူ၂၀နှင့် စက်မှုလက်မှုပညာသင်တန်းကျောင်း ဆောက်လုပ်ရေးသင်တန်းအမှတ် စဉ်(၁၃)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၂၀)၊ ဂဟေသင်တန်းအမှတ်စဉ်(၂၀)၊ မော်တော်ယာဉ်စက်ပြင် သင်တန်းအမှတ်စဉ်(၁၅)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၁၇)တို့တွင် တက်ရောက်ကြမည့် သင်တန်းသား ၃၀ တို့ကို  အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
 

Post Paragraph