လပွတ္တာမြို့နယ်၌ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း သင်တန်းဆင်းပွဲ ကျင်းပ

လပွတ္တာ အောက်တိုဘာ ၃
        ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် သုံးမိုင်မြို့(၁)ရပ်ကွက် စိန်ပန်းပြာလမ်းရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၂)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၁၉)၊ ဂဟေသင်တန်း အမှတ်စဉ်(၁၉)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၁၄)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ်(၁၆) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
    အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလွင်ကိုဦးက သင်တန်းဆင်း မိန့်ခွန်းပြောကြားသည်။ ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသားများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့ကာ သင်တန်းဆင်း သင်တန်းသားများ၏ လက်ရာများကို ကြည့်ရှုအားပေးခဲ့ ကြောင်းသိရသည်။

Post Paragraph