မောင်တောမြို့၌ အဆင့်မြင့်အမျိုးသမီးအိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်လှစ်

မောင်တော မေ ၉
        မောင်တောမြို့၌ ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် ၄ သင်တန်းဖွင့်ပွဲကို ယမန်နေ့က အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
        ရှေးဦးစွာ နယ်မြေခံစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နီလာကြည်က သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာသူများက ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။ အဆိုပါသင်တန်းသို့ ဒေသခံ တိုင်းရင်းသူ စုစုပေါင်း ၃၀ တက်‌ရောက် သင်ယူကြ ကြောင်း သိရသည်။
 
 

Post Paragraph