မိုးနဲ၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ လင်းခေးခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံး မိုးနဲမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၅၀ ဒသမ ၁၄၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည့် ဆိုက်ဖယ်ရွာ(သစ်)မှ လီဆူးကျေးရွာအဝင်လမ်း ၁/၁ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၉ ဒသမ ၀၆၈ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ သည့် လီဆူးကျေးရွာအတွင်းရှိ ဂါလန် ၁၀၀၀၀ ဆံ့ ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

Post Paragraph