မိုင်းဆတ် မေ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း(မိုင်းဆတ်)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ခရိုင်လဝကဦးစီးမှူး ဦးထွန်းလှက အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မိုင်းဆတ်)မှ ကျောင်းအုပ် ဒေါ်ခိုင်ခိုင်ထွေးက သင်တန်းတွင် ပို့ချမည့် သင်ခန်းစာများနှင့် သင်ထောက်ကူ ပစ္စည်း ထောက်ပံ့ပေးမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
အဆိုပါ သင်တန်းသို့ မိုင်းဆတ်ခရိုင်အတွင်းမှ သင်တန်းသူ ၃၀ တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းတွင် လက်မနှင့်စင်တီမီတာစက်ချုပ်နည်း ၂၁ မျိုး၊ လက်မှုပညာရပ် ၅ မျိုး၊ မုန့်လုပ်နည်း ၅ မျိုး နှင့် ဟင်းလျာချက်ပြုတ်နည်း ၅ မျိုးတို့ကို ရက်သတ္တ ၂၂ ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။