မိုင်းဆတ် အောက်တိုဘာ ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မိုင်းဆတ်)၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၈)ဆင်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၀ ရက်က အဆိုပါ သင်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မိုင်းဆတ်) ကျောင်းအုပ် ဒေါ်ခိုင်ခိုင်ထွေးက သင်တန်းကျောင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ မိုင်းဆတ်ခရိုင်အတွင်းမှ သင်တန်းသူ ၃၀ ဦး တက်ရောက်ပြီး ရက်သတ္တ ၂၂ ပတ် ကြာ ဖွင့်လှစ်သင်ကြားပို့ကြားပေးခဲ့ကြောင်းသိရသည်။