မိုင်းရယ်မြို့နယ်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေး ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီး

မိုင်းရယ်၊ နိုဝင်ဘာ ၆ ရက်
    မိုင်းရယ်မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သော နမ့်လန်း-ဟိုတိ-မန်ကျောင်း-ပန်ရှင်ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းထံမှ သိရသည်။
    မိုင်းရယ်မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သော နမ့်လန်း-ဟိုတိ-မန်ကျောင်း-ပန်ရှင် ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သန်း ၂၂၂ ဒသမ  ၃၉၀ ဖြင့် ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် လုပ်ငန်းများ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
    မိုင်းရယ်မြို့နယ် နမ့်လန်း-ဟိုတိ-မန်ကျောင်း- ပန်ရှင်လမ်းသည် အရှည် ၆ မိုင်ရှည်လျားပြီး လက်ရှိဘဏ္ဍာနှစ်တွင် ဆောင်ရွက်လျက်ရှိသော အရှည် ၁ မိုင် ၄ ဖာလုံကို ကျောက်ချောလမ်းခင်းခြင်းနှင့် အဆိုပါလမ်းပေါ်တွင် Box Culvert နှစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်လာပြီး ‌ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အကျိုးပြုစေမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းထံမှ သတင်းရရှိပါသည်။

Post Paragraph