မိုင်းယောင်းမြို့နယ်၌ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

ကျိုင်းတုံ မတ်လ ၇ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဒေသအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ မတ် ၇ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဝမ်ဇလီလော်ကျေးရွာ ထေရဝါဒတောင်တန်းသာသနာပြုကျောင်း၌ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
    ထိုသို့လှူဒါန်းရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးပိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်သာသနာရေးမှူး ဦးမြတ်ကိုဦးနှင့် တာဝန်ရှိသူများက မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု၊ ဝမ်ဇလီလော်ကျေးရွာ ထေရဝါဒ တောင်တန်းသာသနာပြုကျောင်းရှိ ဆရာတော်နှင့် ရှင်သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Post Paragraph