မက်မန်းမြို့နယ်၊ ပညာဒီပဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

ကျိုင်းတုံ သြဂုတ် ၁၂
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ဒေသအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြားဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့၊ ပညာဒီပဘုန်းတော်ကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
    ထိုသို့လှူဒါန်းရာတွင် မက်မန်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးတင်မောင်ထွန်းနှင့် ဝန်ထမ်းများက မက်မန်းမြို့ အမှတ် (၁) ရပ်ကွက် ပညာဒီပဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်နှင့် စာသင်ရှင်သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
 

Post Paragraph