
မင်းပြား နိုဝင်ဘာ ၁၂
မြန်မာနိုင်ငံတွင် ယခုဖြစ်ပွားလျက်ရှိသော ကူးစက်မြန် မျက်စိနာခြင်း၊ မျက်လုံး ရောင်ရမ်းခြင်းနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲအား ယနေ့ မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ် များဖွံ့ဖြိုးရေးသင်တန်းကျောင်း(မင်းပြား)ရှိ ခန်းမဆောင်၌ ကျင်းပသည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ မြို့နယ်ကုသရေးဦးစီးဌာနမှ ဦးမောင်ကြီးဖြူက မျက်စိနာ ခြင်း၊ မျက်လုံးရောင်ရမ်းခြင်းတို့နှင့်ပတ်သက်၍ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ရန် နည်းလမ်းများနှင့် ရောဂါဖြစ်ပွားနေသူများလိုက်နာရန် ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြောက်ဦးခရိုင်ဦးစီးမှူး၊ သင်တန်းကျောင်းမှ ကျောင်းအုပ်၊ ဒုတိယကျောင်းအုပ်၊ သင်တန်းနည်းပြများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မြို့နယ်/ပြန်ဆက်