မူဆယ် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယနေ့မွန်းလွဲ ၁ နာရီက စာဖတ်ဝိုင်း ဆောင်ရွက်သည်။
စာဖတ်ဝိုင်းတွင် အိမ်တွင်းမှုကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစောရင်က သင်တန်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆွေးနွေးသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးသန်းဇော်ဦးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောသည်။
ဆက်လက်ပြီး ဒေါ်စန္ဒာဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများကို ဟောပြောသည်။ ထို့နောက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းသူများက စာရေးဆရာမ ခင်စောတင့် ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများစာအုပ်မှ သုတ၊ ရသရေးရာများကို ဆွေးနွေးကြကြောင်းသိရသည်။
မူဆယ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်း၌ စာဖတ်ဝိုင်းဆောင်ရွက်
Post Paragraph
Paragraph Images