မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သင်ထောက်ကူပစ္စည်းများ‌ ပေးအပ်ပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲနှင့် အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၈ ရက်က အဆိုပါ ကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လွင်လွင်အောင် က အမှာစကားပြောကြားပြီး သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန ဦးစီးမှူး ဒေါ်မျိုးမျိုးဦး က သင်တန်းသူများအတွက် ဝတ်စုံဖိုးများ ပံ့ပိုးပေးအပ်သည်။
ဆက်လက်၍ မူဆယ်မြို့ အမှတ်(၂၂) မူးယစ်တပ်ဖွဲ့စု တပ်ဖွဲ့စိတ်မှူး ရဲအုပ်သူရိန်ဖြိုး က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ အမှတ်(၁၇) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စုမှူး ရဲမှူးမင်းနိုင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မြို့နယ်ဥပဒေအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဇော်က ပြည်သူ့စစ်မှုထမ်းဥပဒေများအကြောင်းကို အသိပညာပေးဟောပြောဆွေးနွေးကြသည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ဧည့်သည်များနှင့် သင်တန်းသူများကို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
 

Post Paragraph