မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ လူကုန်ကူးမှု/လူမှောင်ခိုမှုဆိုင်ရာ၊ ဥပဒေရေးရာနှင့် သတင်းအမှား၊အမှန်ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

နေပြည်တော်   မတ် ၁၁
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံး၊ မြစ်ကြီးနားနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ မြစ်ကြီးနား (၁၊၂) ရှိ ဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ အသိပညာပေးမှု၊ လူကုန်ကူးမှု/လူမှောင်ခိုမှုဆိုင်ရာ အသိ ပညာပေးမှုနှင့် ဥပဒေရေးရာ အသိပညာပေးမှု သတင်းအမှား၊ အမှန်ခွဲခြားသုံးသပ်နိုင်ရေး ဟောပြော ပွဲအား သင်တန်းကျောင်းခန်းမ၌ မတ်လ  ၁၁ ရက်နေ့ နံနက်ပိုင်းတွွင် ကျင်းပခဲ့သည်။
    အဆိုပါ အသိပညာပေးဟောပြောပွဲများ၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေနိုင်သော ဆေးဝါးများဆိုင်ရာ အသိပညာပေးဟောပြောမှုအား ကချင်ပြည်နယ် အမှတ်( ၂ ) မူးယစ်တပ်ဖွဲ့စု ဒုတိယရဲမှူး သန်းဝင်းမှ လည်းကောင်း၊ လူကုန်ကူးမှု/လူမှောင်ခိုမှုဆိုင်ရာ အသိပညာပေးဟောပြောမှုအား ကချင်ပြည်နယ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု ဒုတိယရဲမှူး လှိုင်စိုး မှ လည်းကောင်း၊ ဉပဒေရေးရာအသိပညာပေးဟောပြောမှု  ဆက်သွယ်ရေး ဉပဒေနှင့် အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဉပဒေအား မြစ်ကြီးနားမြို့နယ် ဒုတိယ ဉပဒေအရာရှိ ဦးအောင်ပွားထွန်းမှ လည်းကောင်း၊ သတင်းအမှား၊ အမှန်ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေး ဟောပြောမှုအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထက် မှ လည်းကောင်း အသီးသီးဟောပြောခဲ့သည်။
    အသိပညာပေးဟောပြောပွဲများသို့ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကချင်ပြည်နယ် ဦးစီးမှူးရုံးနှင့် လူငယ်သင်တန်းကျောင်း၊ မြစ်ကြီးနား-၁/၂ တို့ရှိ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား ၁၂၀ ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။