နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြား

နေပြည်တော် နိုဝင်ဘာ ၃ 
   ၂၀၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ် နှင်းရန် စိစစ်ရေးအဖွဲ့အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
   အစည်းအဝေးသို့ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဉီးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
   ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်ရာတွင် နိုင်ငံတော်အတွက် ထူးကဲစွာ အကျိုးဆောင်သူများ၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များ ထမ်းဆောင်ရာတွင် မိမိကိုယ်ကျိုးကို မငဲ့ကွက်ဘဲ အသက်ခန္ဓာ စွန့်လွှတ်ပြီး ရဲဝံ့စွန့်စားစွာ တာဝန်ထမ်းဆောင်ခဲ့ကြသော တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များအပါအဝင် ပြည်သူ့ဝန်ထမ်းများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ် များနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင် တံဆိပ်(၁၂)မျိုး ချီးမြှင့်နိုင်ရေးအတွက်စိစစ် ဆောင်ရွက်သွားမည်ဖြစ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ စိစစ်တင်ပြပေးရန် လိုအပ်ကြောင်း။
   နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ဆောက်ရာတွင် ကဏ္ဍပေါင်းစုံမှ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားစွာ စွမ်းစွမ်းတမံကြိုးပမ်း ဆောင်ရွက်ကြသည့်ပုဂ္ဂိုလ်များ၊ နိုင်ငံတော်နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် နိုင်ငံခြား တိုင်းပြည်များမှ နိုင်ငံ့ခေါင်းဆောင်များ၊ သံတမန်များနှင့် ပုဂ္ဂိုလ်များ၊ အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာ၌ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့်အညီ ထူးခြားစွာ အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသော ပညာရပ်တစ်ခုခု တွင် ကမ္ဘာ့အဆင့်မီအောင်မြင်စွာ တီထွင်ဖန်တီးစွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမ ပညာရပ်များတွင် ထူးခြား ကောင်းမွန်စွာ တတ်မြောက်ကျွမ်းကျင်သူ ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကိုလည်းကောင်း၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ရှေ့ဆောင် ရှေ့ရွက်ပြုပြီး ထူးချွန်စွာ စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ကြသော ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာပညာရပ်ဖြင့် နိုင်ငံတော်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုကြသည့် ပုဂ္ဂိုလ်များကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်(၁၂)မျိုး ချီးမြှင့်မည်ဖြစ်ကြောင်း၊ ထိုသို့ချီးမြှင့်ရာတွင် ချီးမြှင့်အပ်နှင်းနိုင်ရေး “ပဏာမစိစစ်ရေးအဖွဲ့ များ” နှင့် “စိစစ်ရေးအဖွဲ့” တို့က အဆင့်ဆင့်စိစစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်၊ စိန်ရတုလွတ်လပ်ရေးနေ့နှင့် ၎င်းနေ့မတိုင်မီ နေ့ကြီးရက်ကြီးများတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာ ထုတ်ပြန် ချီးမြှင့်သွားမည် ဖြစ်ကြောင်း။
   နိုင်ငံတော်ကို ထူးကဲစွာအကျိုးပြုသော ဂုဏ်ပြုချီးမြှင့်ထိုက်သူ လူပုဂ္ဂိုလ်များ၊ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်နိုင်ရေးအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်တာဝန် ထမ်းဆောင်ရင်း ထိခိုက်/ဒဏ်ရာရ၊ သေဆုံး/ ကျဆုံး ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများ၊ မိမိ၏ အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် နိုင်ငံ့ ဝန်ထမ်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်နိုင်ရေး စိစစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ထို့ပြင် ၂၀၂၂ ခုနှစ်၊ (၁)နှစ်တာကာလအတွင်း သက်ဆိုင်ရာကဏ္ဍအလိုက်စွမ်းစွမ်း တမံတာဝန် ထမ်းဆောင်ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများကိုလည်း စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်(၁၂)မျိုးချီးမြှင့်နိုင်ရေးအတွက် ၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်၊ ၂၀၁၄ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များ ဆိုင်ရာ ပြဋ္ဌာန်းချက်ကို ဖြည့်စွက် ပြဋ္ဌာန်းချက် တို့နှင့်အညီ စိစစ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း။
   ယနေ့အစည်းအဝေးတွင် ပဏာမစိစစ်ရေးအဖွဲ့အစည်းအဝေး၌ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ထပ်မံစိစစ်ပြီးစိစစ်ရေး အဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်အညီ ဂုဏ်ပြုချီးမြှင့်နိုင်ရေး ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးသို့ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း။
   နိုင်ငံတော်အနေဖြင့် ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုခြင်းနှင့် ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ခြင်းတို့ကို မင်္ဂလာတရားတော်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံကို အဘက်ဘက်မှ ရန်လို ဖိအားပေး လုပ်နေသည့်ကာလအတွင်း နိုင်ငံ၏တာဝန်များကို ကျရာကဏ္ဍများမှ ထူးကဲစွာ အသက်‌ပေးဆောင်ရွက်ကြသော နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မကျန်ရှိစေရန်လည်း စိစစ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
   ယခု ၂၀၂၃ခုနှစ် ဇန်နဝါရီ ၄ ရက်၊ စိန်ရတုလွတ်လပ်ရေးနေ့တွင် ချီးမြှင့်မည့် ကိစ္စရပ်များ နှင့်ပတ်သက်၍ ၂၀၂၂ခုနှစ် မတ်လ ၂၇ ရက်တွင် ပထမအကြိမ်အဖြစ် စည်သူဘွဲ့(၁)ဉီး၊ သီရိပျံချီဘွဲ့ (၉)ဦး၊ ဇေယျကျော်ထင်ဘွဲ့(၅)ဦး၊ ဝဏ္ဍကျော်ထင်ဘွဲ့ (၄၅)ဦး အပါအဝင် စုစုပေါင်း (၈၈၀) ဦးကို ချီးမြှင့်ရန် သတ်မှတ်ထားကြောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း (၁) ရက်တွင် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ၊ စွမ်းရည်သတ္တိဆိုင်ရာများကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့(၃)ဦး၊ သတိုးသီရိသုဓမ္မဘွဲ့ (၂)ဦး၊ အဂ္ဂမဟာသရေစည်သူ ဘွဲ့(၅)ဦး၊ သတိုးမဟာသရေစည်သူဘွဲ့(၅)ဦး အပါအဝင် စုစုပေါင်း (၁၄၆) ဦး ကို ၂၀၂၃ခုနှစ် ဇန်နဝါရီ ၄ ရက် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ချီးမြှင့်နိုင်ရန် ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း၊ ယခုထပ်မံ၍ ချီးမြှင့်သင့်ချီးမြှင့်ထိုက်သူ၊ မြှောက်စားသင့်မြှောက်စားထိုက်သူများမှ ကျန်ရှိသူများကို ထပ်မံစိစစ်ခြင်းဖြစ်ကြောင်း ။
   နိုင်ငံတော်မှ ချီးမြှင့်အပ်နှင်းခံရမည့် ပုဂ္ဂိုလ်များ၏ အရည်အချင်းသည် သားစဉ်မြေးဆက် ဂုဏ်ယူဝံ့ကြွားနိုင်သော ထိုက်တန်သည့်စွမ်းဆောင်ရည်များကိုသာ ချီးမြှင့်ခံရခြင်းမျိုးဖြစ်စေရန် ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
   ထို့နောက် စိစစ်ရေးအဖွဲ့အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်က ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းနိုင်ရေး စိစစ် ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲရေးချုပ် ရဲမှူးချုပ် ဝင်းထွန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာစွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ၂၀၂၂ ခုနှစ် (၁)နှစ်တာအတွင်း ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သည့် ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တပ်မတော်ဆိုင်ရာ စွမ်းရည် သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း တင်ပြကြသည်။
   ထို့နောက် ၂၀၂၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းရန် စိစစ်ရေးအဖွဲ့နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
 

video-upload