နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့ ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

စစ်တွေ ဇွန် ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင် ဦးဆောင်သည့်အဖွဲ့အား ယနေ့ နံနက် ၇ နာရီခွဲတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
တွေ့ဆုံစဉ် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် မိခင်နှင့်ကလေးကျန်းမာရေးစောင့် ရှောက်မှုဆိုင်ရာ ကိစ္စရပ်များ၊ စားရေရိက္ခာ စနစ်တကျ ဖြန့်ခွဲပေးလျက်ရှိသည့်အခြေအနေ၊ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်း မိခင်နှင့်ကလေးကျန်းမာရေးအတွက် အကူအညီ ဆောင်ရွက်ပေးနေမှု အခြေအနေ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ကူညီ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်နှင့် ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ စစ်တွေတက္ကသိုလ်သို့ရောက်ရှိပြီး ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူလူထုတို့၏ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုအားပေးရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်တို့က လိုက်လံရှင်းလင်းပြသ ကြသည်။                             
ထိုသို့ကြည့်ရှုအားပေးနေစဉ်အတွင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက လူ၊ စက်ယန္တရားများ အသုံးပြု၍ ဦးစားပေးအဆင့်အတန်း သတ်မှတ်ကာ တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွား ကြရမည်ဖြစ်ပြီး တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း၊ မိုးတွင်းကာလဖြစ်သဖြင့် တက္ကသိုလ်ဝင်းအတွင်း ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။
ကြည့်ရှုအားပေး
ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့သည် စစ်တွေမြို့နယ် ကြက်ကိုင်းတန်ကျေးရွာ စန္ဒာရာမပရိယတ္တိကျောင်းတိုက်ဓမ္မာရုံ၌ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီး များက မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု များနှင့် ဆေးကုသမှု ခံယူနေကြသူများကို ကြည့်ရှုအားပေးရာ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြပြီး အထူးကုဆရာဝန်ကြီးများနှင့် ဆေးကုသမှုခံယူလျက်ရှိသည့် ပြည်သူလူထုအား စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ စန္ဒာရာမပရိယတ္တိကျောင်းတိုက်ဓမ္မာရုံ၌ သားဖွားမီးယပ်၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရိုး၊ ခွဲစိတ်၊ အရေပြား၊ စိတ်ရောဂါ၊ မျက်စိ၊ သွားနှင့်ခံတွင်း၊ ကလေးနှင့် အထွေထွေရောဂါများကို ကုသပေးလျက်ရှိ ပြီး မြန်မာ့တိုင်းရင်းဆေးများဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ ကြောင်း သိရသည်။
ထိုသို့ သွားရောက်ကြည့်ရှုအားပေးစဉ်အတွင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယဝန်ကြီးများနှင့်အတူ စစ်တွေမြို့နယ် ရွှေမင်းဂံဆိပ်ကမ်းသို့ရောက်ရှိကြပြီး မိုခါမုန်တိုင်းဒဏ် ကြောင့် ပြိုလဲခဲ့သည့်သစ်ပင်များမှ သစ်မြစ်ဆုံများကို ပန်းပုအတတ်ပညာဖြင့် တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ရန် CHARITES သင်္ဘောအပြန်ခရီး၌ ရန်ကုန်ဆိပ်ကမ်းသို့ တင်ပို့သွားမည့် အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဆက်သွယ်ရေး အော်ပရေတာများဖြစ်ကြသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)၊ MyTel ၊ Atom Myanmar နှင့် Ooredoo Myanmar မှ တာဝန်ရှိသူများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ရာနှုန်းပြည့်နီးပါး ပြန်လည်ကောင်းမွန်
တွေ့ဆုံစဉ် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးစနစ်များ ထိခိုက်ပျက်စီးခဲ့မှုများကို အချိန်တိုအတွင်း ရာနှုန်းပြည့်နီးပါး ပြန်လည်ကောင်းမွန်အောင် ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့မှု၊ ထိုသို့ပြန်လည်ပြင်ဆင်ရာတွင် မုန်တိုင်းဒဏ်ခံနိုင်သည့် မူလအနေ အထားထက် ပိုမိုကောင်းမွန်သော နည်းပညာ၊ စက်ပစ္စည်း၊ အစားထိုး တပ်ဆင်ပေးရန်လိုအပ်မှု၊ အော်ပရေတာများက မုန်တိုင်းသင့်ဒေသများ၌ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးနှင့် လူမှုရေးစသည့်ကဏ္ဍများတွင် Corporate Social Responsibility–CSR အစီအစဉ်ဖြင့် WiFi၊ Internet စနစ်များကို အခမဲ့တပ်ဆင်၍ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှုများနှင့် မုန်တိုင်းဒဏ်သင့် ဒေသများအတွင်း ဆက်သွယ်ရေးကောင်းမွန်စေရန် အချိန်တိုအတွင်းပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့မှု များအတွက် အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။   
သတင်းစဉ်
 

Post Paragraph
video-upload