နမ့်ဆန်မြို့နယ်၌ အခြေခံပညာအလယ်တန်းကျောင်းဆောင်သစ် ဖွင့်လှစ်

    ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာ အုပ်စု၊ မန်မိုင်မိန်းကွမ်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း စေတနာ အဖွဲ့တို့က မန်မိုင်မိန်းကွမ်းကျေးရွာ ပြည်သူလူထုနှင့် ပူးပေါင်းဆောက်လုပ်ပြီးစီးသော အလျား ပေ ၉၀၊ အနံ ပေ ၃၀ စာသင်ကျောင်း‌ဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့က မန်မိုင်မိန်းကွမ်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပ သည်။
    အဆိုပါ အခမ်းအနားတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ တာသိန်းဇော်က အမိုးအကာ လုံလောက်မှုမရှိခဲ့သောကျောင်းမှ ယခုအချိန်တွင် လုံလုံခြုံခြုံ ပြည့်ပြည့်စုံစုံ စာသင်ကြားနိုင်မည်ဖြစ်သည့်အတွက် ကျောင်းသား/ကျောင်းသူများအတွက်လည်း စိတ်ခွန်အား တိုးပွားလာနိုင်မည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းကိုလည်း ကျေးဇူး အထူးတင်ရှိပါကြောင်း၊ ယခုလိုဖွံ့ဖြိုးမှု နောက်ကျကျန်နေသော မိမိတို့ဒေသများတွင် ဆောက်လုပ် ပေးရန် ရည်မှန်းထားသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
    ဆက်လက်ပြီး ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းစေတနာအဖွဲ့မှ ဒါရိုက်တာဦးတင်လေးက ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ရှင်းလင်းတင်ပြပြီး ကျောင်းဆောင်သစ်အား ရေရှည် တည်တံ့ ခိုင်မြဲရေးအတွက် ထာဝရပဒေသာပင် ငွေကျပ် ၁၆၂ သိန်းကို ကျေးရွာကော်မတီထံ ပေးအပ်ခဲ့ ကြောင်း သိရသည်။

Post Paragraph