နန်းယွန်း - ပန်ဆောင်လမ်း ကျောက်လမ်း ပြင်/ထိန်းလုပ်ငန်းဆောင်ရွက်

နန်းယွန်း၊ ဇန်နဝါရီ   ၁၉
    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၂၅၆ ဒသမ ၂၇၉ သန်းဖြင့် ဆောင်ရွက်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် အတွင်း နန်းယွန်း-ပန်ဆောင်လမ်း ၃၅ မိုင်အနက် ၁၇ မိုင်တွင် ကျောက်လမ်း ပြင်/ထိန်း ၃/၀မိုင် အပြီးသတ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဇူလိုင်လက စတင်ဆောင်ရွက်ခဲ့သည်။
    နန်းယွန်း- ပန်ဆောင်လမ်းသည် နယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသည့်လမ်း ဖြစ်သဖြင့် အဆိုပါလမ်းပေါ်တွင် ကျောက်လမ်း ၉/၀မိုင်၊ ကျောက်လမ်း ပြင်/ထိန်း ၈/၀ မိုင်နှင့် Box Culvert ၁၁စင်းတို့အား တည်ဆောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
 

Post Paragraph