မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သင်ထောက်ကူပစ္စည်းများ‌ ပေးအပ်ပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲနှင့် အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၈ ရက်က အဆိုပါ ကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လွင်လွင်အောင် က အမှာစကားပြောကြားပြီး သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန ဦးစီးမှူး ဒေါ်မျိုးမျိုးဦး က သင်တန်းသူများအတွက် ဝတ်စုံဖိုးများ ပံ့ပိုးပေးအပ်သည်။

standard

ဘိုကလေးမြို့နယ်တွင် လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေး

ဘိုကလေး ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ဦးဆောင်၍ “လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ဇူလိုင်လ ၅ ရက်က ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပသည်။

standard

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) စတုတ္ထအကြိမ်စုပေါင်းသွေးလှူ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၏ စတုတ္ထအကြိမ် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ဆရာ ဆရာမနှင့် ဝန်ထမ်းများ  ကျောင်းသား ကျောင်းသူ ၁၄၇ ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့သည်။

standard

ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သို့

“တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်လာနိုင်တာနဲ့အမျှ တိုင်းရင်းသားလူမျိုးများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုတွေရရှိလာပြီး တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှုတွေ ပိုမိုရရှိလာမှာပဲဖြစ်တယ်။ တရားဥပဒေစိုးမိုးမှုနဲ့ တည်ငြိမ်အေးချမ်းမှုရှိမှလည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းကနေ ရရှိနိုင်တယ်ဆိုတာကို အလေးအနက်ထား သတိမူကြရမ

standard

ပုဂ္ဂလိက ပျားမွေးမြူသူတောင်သူများအား ပျားအုံများ လွှဲပြောင်းပေးအပ်

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မန္တလေးတိုင်းဒေသကြီး၌ ပျားမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲနှင့်ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် ဘုရားဖြူကျေးရွာရှိ ပုဂ္ဂလိက ပျားမွေးမြူသူတောင်သူ ဦးနေမင်းထွန်းနှင့် မြစ်သားမြို့နယ် မုန္တောကျေးရွာရှိ တောင်သူ ဦးကျော်ငြိမ်းတို့ နှစ်ဦးအား ပျားအုံများ လွှဲပြောင်းထောက်ပံ့ ပေးအပ်သည်။

standard

နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဇွန်လ ၁၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဗဟိုလေ့ကျင့်‌ရေးကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများအနက် နယ်စပ်ရေးရာဝန်ကြီးဌာနတွင် တာဝန်ပေးအပ်ခြင်းခံရသည့် ဝန်ထမ်းများအတွက် ဖွင့်လှစ်ပေးခဲ့သည့် လုပ်ငန်းခွင်အကြိုသင်တန်းအမှတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

standard

မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကန်တောင်ကျေးရွာ၌ ဆိုလာရေတင်စနစ် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ ထမုန်ကန်ကျေးရွာအုပ်စု ဥယျာဉ်ကုန်းကျေးရွာ၌ ဆိုလာရေတင်စနစ် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ ကန်နီ ကျေးရွာအုပ်စု ကန်နီကျေးရွာ၊ ညောင်ကုန်း (အရှေ့) ကျေးရွာနှင့် (အနောက်) ကျေးရွာတို့တွင် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာခရိုင်ဖွံ့ ဖြိ

standard