နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦး ကလေး-ဖလမ်း-ဟားခါးလမ်း၊ ဖလမ်းမြို့တွင်းလမ်းပိုင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုကြည့်ရှုအားပေး
ဖလမ်း ဩဂုတ် ၂၂ ရက်
အကြမ်းဖက်ဖြစ်စဥ်များကြောင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်း သာယာလှပရေး အပတ်စဥ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၂၂ ရက်နေ့က ဖလမ်းမြို့ မြို့တွင်း စုပေါင်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။