ဖလမ်းမြို့ သစ္စာလမ်းမတစ်လျှောက် 400 Volt ကာဗာ လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းလျက်ရှိ
ဖလမ်း ဩဂုတ် ၁၁
ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ၏ ဦးဆောင် ကြီးကြပ်မှုဖြင့် ဖလမ်းမြို့ သစ္စာလမ်းမတစ်လျှောက်တွင် 400 Volt ကာဗာ လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းလျက်ရှိကြောင်း သိရသည်။
ယခင်က ဖလမ်းမြို့နှင့် အနီးအနားရှိ ကျေးရွာများကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးခဲ့ပြီး ဖလမ်းမြို့နယ်အတွင်း 400 Volt လျှပ်စစ်ဓာတ်အားပေးလိုင်း ၂၆ မိုင် ရှိသည့်အနက် အကြမ်းဖက်ဖြစ်စဉ်များကြောင့် 400 Volt လျှပ်စစ်ဓာတ်အားလိုင်း ခုနစ်မိုင်ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။