နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် ထိုင်းနိုင်ငံ တရားရေးဝန်ကြီး၏ အကြံပေးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုအဖွဲ့ရုံး (ONCB) အကြံပေး Mr. Permpong Chaovalit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော်၊ စက်တင်ဘာလ (၂၉) ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား ထိုင်းနိုင်ငံ တရားရေး ဝန်ကြီး၏ အကြံပေးနှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုအဖွဲ့ရုံး (ONCB) အကြံပေး Mr . Permpong Chaovalit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နေ့လည် (၂) နာရီအချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။