ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များ ဆန္ဒအလျောက် နေရပ်ပြန်ရေးအတွက် မဟာဗျူဟာမြောက် လုပ်ငန်းစီမံချက်တစ်ရပ် ရေးဆွဲချမှတ်နိုင်ရေးဆိုင်ရာ နှီးနှောဖလှယ်မှု အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
နေပြည်တော် ဇူလိုင် ၆
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ ကြီးမှူးကျင်းပသည့် ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များ ဆန္ဒအလျောက် နေရပ်ပြန်ရေးအတွက် မဟာဗျူဟာမြောက် လုပ်ငန်းစီမံချက်တစ်ရပ် ရေးဆွဲချမှတ်နိုင်ရေးဆိုင်ရာ နှီးနှောဖလှယ်မှု အလုပ်ရုံဆွေးနွေးပွဲအား ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် Grand Ballroom ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
နေပြည်တော် ဇွန်လ ၃၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် တာဝန် ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ သုဓမ္မဝတီမြို့သစ်၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒေသခံပြည်သူများအတွက် တည်ဆောက်ပေးထားသော တန်ဘိုးနည်း အိမ်ရာ (၅၀) လုံး ပြီးစီးမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး လာရောက်တွေ့ဆုံ
နေပြည်တော် ဇွန်လ ၂၉ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H. E. Mr. Scot Marciel သည် ယနေ့နေ့လည် (၂) နာရီ အချိန်တွင် ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီနှင့် တွေ့ဆုံ
နေပြည်တော် ဇွန်လ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီ အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံသည် ။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ရက် (၁၀၀) စီမံကိန်းအရ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇွန်လ ၂၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ရက် (၁၀၀) စီမံကိန်းအရ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်မျိုးသင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကယားပြည်နယ်အတွင်းရှိ လုပ်ဆောင်မည့် လွိုင်ကော်၊ ဒီမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ်များသို့ သောက်သုံးရေကန်များ တူးဖော်ပေးခြင်း၊ လမ်းတံတားများ ဖောက်လုပ်ပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်မည့်နေရာများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။