ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီးနှင့် အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီးတို့ သီးခြားစီ လာရောက်တွေ့ဆုံ
နေပြည်တော်၊ အောက်တိုဘာလ ၂၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel သည် ယနေ့နံနက် (၁၁) နာရီအချိန်တွင် လည်းကောင်း၊ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri သည် မွန်းလွဲ (၁) နာရီအချိန်တွင်လည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လာရောက် တွေ့ဆုံ ခဲ့ပါသည်။
ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်း အမှတ်စဉ်(၁၅) သင်တန်းဖွင့်ပွဲ
ရန်ကုန် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း တွင် ခေတ်မီမော်တာ အထည်ချုပ်စက်သင်တန်း အမှတ်စဉ် (၁၅) ကို သင်တန်းသူ (၁၀၀) ဦးဖြင့် (၂၄-၁၀-၂၀၁၆)ရက်နေ့၊ တနင်္လာနေ့၊ နံနက် (၀၉:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဦး တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်
စစ်တွေ အောက်တိုဘာ ၂၁
ဘူးသီးတောင် မောင်တောမြို့နယ် တို့မှ ကြောက်ရွံ့ထိတ် လန့်မှုကြောင့် နေရပ် ခေတ္တ စွန့်ခွာလာသူများအား နေရပ်ပြန်နိုင်ရေးနှင့် သက် ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ကူညီပေးမည့် အစီအစဉ်များ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက စစ်တွေမြို့ ပြည်နယ်အစိုးရ ဧည့်ဂေဟာ အစည်း အဝေး ခန်းမ၌ ကျင်းပသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ဝင်များမှ လာရောက်တွေဆုံ
နေပြည်တော်၊ အောက်တိုဘာလ ၂၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် ကိုဖီအာနန်ဖောင်ဒေးရှင်း တို့အကြား သဘောတူညီမှုဖြင့် တည်ထောင်ခဲ့သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အဖွဲ့ဝင်များမှ ယနေ့နေ့လည် (၂:၀၀) နာရီ အချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံခဲ့သည်။
ပြည်သူလူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်၊ တောင်းဆိုချက်များအတိုင်း အစီအမံများချပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိ
မောင်တော အောက်တိုဘာ ၂ဝ
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်အဖွဲ့သည် ယမန်နေ့ ညနေ ၄ နာရီက မောင်တောမြို့ရှိ အောင်မြေဗောဓိ အလိုတော်ပြည့်ကျောင်းသို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမဏိသာရအား ဖူးမြော် ကြည်ညိုကာ ဆရာတော်ထံမှ သြဝါဒခံယူပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
နယ်မြေလုံခြုံရေး ဆောင်ရွက်ပေးနေသည့် နယ်ခြားစောင့် ရဲစခန်းများအား ကြည့်ရှုစစ်ဆေး
အောက်တိုဘာလ၊ (၂၀) ရက်
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ တိုင်းမှူး ဗိုလ်ချုပ် မောင်မောင်စိုး နှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများသည် ယနေ့နံနက်၁၁နာရီတွင် မောင်တောမြို့နယ် ကျီးကန်းပြင် ကွပ်ကဲမှုဌာနချုပ် အနီးရှိ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများနှင့် ဆက်နွှယ်နေသည့် ကျေးရွာများသို့ သွားရောက်ကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်မှ နယ်မြေရှင်းလင်း ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့ ဘူးသီးတောင်မြို့ ၌ ရွှေ့ပြောင်း ရောက်ရှိလာသော အိမ်ထောင်စုဝင်များအား တွေ့ဆုံ အားပေး
ဘူးသီးတောင် အောက်တိုဘာ ၂၀
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီး ချုပ် ဦးညီပုနှင့် အဖွဲ့သည် အောက်တိုဘာ ၂၀ ရက် ညနေ ၃ နာရီတွင် ဘူးသီးတောင် မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ယာယီစခန်း သို့ သွားရောက်ပြီး စခန်းရှိ အိမ်ထောင်စု မိသားစုဝင်များနှင့် တွေ့ဆုံသည်။